မဿဲ ၂၁:၁-၁၁ (Mt 21,1-11): သူ တို့ သည် ဂျေ ရု ဆ လင် မြို့ အ နီး သို့ ရောက် ၍ သံ လွင် တောင် ခြေ ရှိ ဗက် ဖာ ဂေ ရွာ သို့ ရောက် လာ ကြ သော အ ခါ ‌ယေ ရှု သည် တ ပည့် တော် နှစ် ပါး ကို စေ လွှတ် ၍၊ သင် တို့ ရှေ့ က ရွာ ထဲ သို့ သွား ကြ လော့။ ထို အ ခါ ချည် ထား သော မြည်း မ နှင့် သူ ၏ အ နား တွင် ရှိ သော မြည်း က လေး ကို သင် တို့ ချက် ချင်း တွေ့ ကြ လိမ့် မည်။ မြည်း ကြိုး ကို ဖြေ ၍ ငါ့ ထံ သို့ ခေါ် ဆောင် လာ ကြ လော့။ တစ် စုံ တစ် ယောက် က သင် တို့ အား တစ် စုံ တစ် ခု ပြော လျှင် ‘သ ခင် ဘု ရား အ လို ရှိ သည်’ ဟု ပြော ကြ လော့။ ထို သို့ ပြော လျှင် ၎င်း တို့ ကို ချက် ချင်း ပို့ ပေး လိမ့် မည်” ဟူ ၍ မိန့် တော်မူ ၏။ ၄-၅ ဤ အ မှု အ ရာ ဖြစ် ပျက် ခဲ့ ခြင်း မှာ “ကြည့် ရှု လော့။ သင် ၏ ရှင် ဘု ရင် သည် မြည်း မ နှင့် မြည်း ၏ သား တည်း ဟူ သော မြည်း က လေး ကို စီး လျက် နူး ညံ့ သိမ် မွေ့ စွာ ဖြင့် သင့် ထံ သို့ ကြွ လာ တော် မူ ၏’ ဟူ ၍ ဇိ အုန် သ မီး အား ပြော ကြား ကြ လော့” ဟု ပ ရော ဖက် အား ဖြင့် မိန့် တော် မူ သော အ ရာ ပြည့် စုံ ခြင်း သို့ ရောက် မည့် အ ကြောင်း တည်း။

တ ပည့် တော် တို့ သည် လည်း သွား ၍ သူ တို့ အား ယေ ရှု မိန့် မှာ တော် မူ သည့် အ တိုင်း ဆောင် ရွက် ကြ ၏။ သူ တို့ သည် မြည်း မ နှင့် မြည်း က လေး ကို ခေါ် ဆောင် လာ ပြီး လျှင် ထို မြည်း တို့ အ ပေါ် ၌ အ ဝတ် များ ကို ခင်း ကြ ရာ ကိုယ် တော် သည် ၎င်း တို့ အ ပေါ် ထိုင် တော် မူ ၏။ အ လွန် များ ပြား သော လူ ထု ပ ရိ သတ် သည် လည်း မိ မိ တို့ ၏ ဝတ် ရုံ များ ကို လမ်း ပေါ် ၌ ခင်း ကြ ၏။ အ ချို့ တို့ မူ ကား သစ် ပင် တို့ မှ အ ကိုင်း အ ခက် များ ကို ခုတ် လာ ၍ လမ်း ပေါ် ၌ ခင်း ကြ ၏။ ကိုယ် တော် ၏ ရှေ့ မှ သွား သော လူ ထု ပ ရိ သတ် များ နှင့် နောက် မှ လိုက် သော လူ ထု ပ ရိ သတ် များ သည် “ဒါ ဝိဒ် ၏ သား တော် အား ဟော ရှဏ္ဏ * ဖြစ် စေ သ တည်း။ ထာ ဝ ရ ဘု ရား ၏ နာ မ တော် ၌ ကြွ လာ တော် မူ သော အ ရှင် သည် မင်္ဂ လာ ရှိ စေ သ တည်း။ * အ မြင့် ဆုံး သော အ ရပ် ၌ ‌ဟော ရှဏ္ဏ ဖြစ် စေ သ တည်း” ဟု ကြွေး ကြော် ကြ ၏။ ၁၀ ဤ သို့ ဖြင့် ကိုယ် တော် သည် ဂျေ ရု ဆ လင် မြို့ ထဲ သို့ ဝင် တော် မူ ရာ တစ် မြို့ လုံး ရုတ် ရုတ် ရက် ရက် ဖြစ် သ ဖြင့် “ဤ သူ ကား မည် သူ နည်း” ဟု မေး မြန်း ကြ ၏။ ၁၁ လူ ထု ပ ရိ သတ် များ က လည်း “ဤ သူ သည် ဂါ လိ လဲ နယ် နာ ဇ ရက် မြို့ မှ ပ ရော ဖက် ယေ ရှု ဖြစ် သည်” ဟု ဆို ကြ ၏။

 

ဤနေရာတွင် ဂျာမန်ဘာသာဖြင့် တရားဒေသနာဖြစ်သည်။



 

 

 



ယောဟန် ၇:၃၇-၃၉ (J 7,37-39):  ထို ပွဲ တော် ၏ ကြီး မြတ် သော နေ့ ဖြစ် သည့် နောက် ဆုံး နေ့ ၌ ယေ ရှု သည် ရပ် လျက် “မည် သူ မ ဆို ရေ ငတ် လျှင် ငါ့ ထံ သို့ လာ ၍ သောက် လော့။ ၃၈ ငါ့ ကို ယုံ ကြည် သော သူ သည် ကျမ်း စာ က ဆို ထား သည့် အ တိုင်း သူ ၏ နှ လုံး သား * အ ထဲ မှ အ သက် ရေ မြစ် များ စီး ထွက် လိမ့် မည်” ဟု ကြွေး ကြော် တော် မူ ၏။ ၃၉ ဤ သည် ကား ကိုယ် တော်ကို ယုံ ကြည် သော သူ တို့ ခံ ယူ ရ ရှိ မည့် ဝိ ညာဉ် တော်ကို ရည် ညွှန်း ၍ မိန့် တော် မူ ခြင်း ဖြစ် ၏။ အ ကြောင်း မူ ကား ယေ ရှု သည် ဘုန်း တော် ထင် ရှား ခြင်း မ ရှိ သေး သ ဖြင့် ဝိ ညာဉ် တော် ကို ပေး တော် မ မူ သေး။

 

ဤနေရာတွင် ဂျာမန်ဘာသာဖြင့် တရားဒေသနာဖြစ်သည်။

 


 

ယော ၁၁:၁.၃.၁၇-၂၇.၃၈ခ-၄၆၊ ၅၃ (J11, 1.3.17-27.38b-46, 53): ထို အ ခါ ၌ မာ ရိ နှင့် သူ ၏ အစ် မ မာ သ တို့ နေ ထိုင် ရာ ဗေ သ နိ ရွာ မှ လာ ဇ ရု ဆို သူ တစ် ဦး သည် နာ မ ကျန်း ဖြစ် လျက် နေ ၏။
ထို့ ကြောင့် ထို ညီ အစ် မ တို့ သည် ကိုယ် တော် ထံ သို့ လူ ကို စေ လွှတ် ၍ “သ ခင် ဘု ရား၊ ကိုယ် တော် ချစ် ခင် တော် မူ သော သူ သည် နာ မ ကျန်း ဖြစ် နေ ပါ သည်” ဟု လျှောက် ထား ကြ ၏။

၁၇ ယေ ရှု ရောက် တော် မူ သော အ ခါ လာ ဇ ရု ကို ဂူ သွင်း သင်္ဂြိုဟ် ပြီး လေး ရက် ပင် ရှိ ပြီ ဖြစ် ကြောင်း ကို တွေ့ ရှိ တော် မူ ၏။ ၁၈ ဗေ သ နိ ရွာ သည် ဂျေ ရု ဆ လင် မြို့ အ နီး နှစ် မိုင် * ခန့် အ ကွာ ၌ ရှိ သည် ဖြစ် ၍၊ ၁၉ များ စွာ သော ဂျူး လူ မျိုး တို့ သည် မာ သ နှင့် မာ ရိ တို့ ကို သူ တို့ ၏ မောင် အ တွက် နှစ် သိမ့် ရန် သူ တို့ ထံ သို့ ရောက် နေ ကြ၏။

၂၀ မာ သ သည် ယေ ရှု ကြွ လာ တော် မူ ကြောင်း ကို ကြား သော အ ခါ ကိုယ် တော် ကို ဆီး ကြို လေ ၏။ မာ ရိ မူ ကား အိမ် ၌ ထိုင် လျက် နေ ၏။ ၂၁ မာ သ က ယေ ရှု အား “သ ခင် ဘု ရား၊ ဤ နေ ရာ ၌ ကိုယ် တော် ရှိ တော် မူ လျှင် ကျွန် မ ၏ မောင် သေ ဆုံး ခဲ့ မည် မ ဟုတ် ပါ။ ၂၂ သို့ သော် ဘု ရား သ ခင် ထံ ကိုယ် တော် တောင်း လျှောက် သ မျှ သော အ ရာ တို့ ကို ကိုယ် တော် အား ဘု ရား သ ခင် ပေး တော် မူ မည် ဖြစ် ကြောင်း ယ ခု လည်း ကျွန် မ သိ ပါ ၏” ဟု လျှောက် လေ ၏။ ၂၃ ယေ ရှု က လည်း “သင် ၏ မောင် သည် ထ မြောက် မည်” ဟု မိန့် တော် မူ လျှင်၊ ၂၄ မာ သ က “နောက် ဆုံး သော နေ့ တည်း ဟူ သော ရှင် ပြန် ထ မြောက် ရာ ကာ လ ၌ သူ ထ မြောက် မည် ကို ကျွန် မ သိ ပါ သည်” ဟု လျှောက် လေ ၏။

၂၅ ယေ ရှု က လည်း “ငါ သည် ရှင် ပြန် ထ မြောက် ခြင်း ဖြစ် ၏။ အ သက် လည်း ဖြစ် ၏။ ငါ့ ကို ယုံ ကြည် သော သူ သည် သေ ခဲ့ လျှင် ပင် အ သက် ရှင် လိမ့် မည်။ ၂၆ အ သက် ရှင် နေ လျက် ငါ့ ကို ယုံ ကြည် သော သူ တိုင်း ကာ လ အ စဉ် အ ဆက် မည် သည့် အ ခါ မျှ မ သေ ရ။ ဤ အ ရာ ကို သင် ယုံ ကြည် သ လော” ဟု မိန့် တော် မူ ၏။ ၂၇ မာ သ က “ယုံ ကြည် ပါ ၏ သ ခင် ဘု ရား။ ကိုယ် တော် သည် ဤ လော က သို့ ကြွ လာ ရ မည့် ဘု ရား သ ခင် ၏ သား တော် ခ ရစ် တော် ဖြစ် ကြောင်း ကို ကျွန် မ ယုံ ကြည် ပါ ၏” ဟု လျှောက် ထား လေ ၏။  

၃၈ ထို့ နောက် ယေ ရှု သည် နောက် တစ် ဖန် ရင် တွင်း ၌ ညည်း တွား လျက် သင်္ချိုင်း ဂူ သို့ ကြွ တော် မူ ၏။ ထို သင်္ချိုင်း ဂူ သည် ကျောက် လိုဏ် ဂူ ဖြစ် ပြီး အ ဝင် ဝ ကို ကျောက် တုံး ဖြင့် ပိတ် ထား ၏။ ၃၉ ‌ယေ ရှု က “ကျောက် တုံး ကို ဖယ် ရှား ကြ လော့” ဟု မိန့် တော် မူ ၏။ သေ ဆုံး သော သူ ၏ အစ် မ မာ သ က “သ ခင် ဘု ရား၊ လေး ရက် ပင် ရှိ ပြီ ဖြစ် ၍ ယ ခု ဆို လျှင် အ နံ့ ထွက် နေ ပါ လိမ့် မည်” ဟု လျှောက် လေ ၏။ ၄၀ ယေ ရှု က လည်း “သင် ယုံ ကြည် လျှင် ဘု ရား သ ခင် ၏ ဘုန်း တော် ကို မြင် ရ လိမ့် မည် ဟူ ၍ သင့် အား ငါ ပြော ခဲ့ ပြီ မ ဟုတ် လော” ဟု မိန့် တော် မူ ၏။

၄၁ ထို့ ကြောင့် လူ တို့ သည် ‌ကျောက် တုံး * ကို ဖယ် ရှား ကြ ၏။ ထို အ ခါ ယေ ရှု သည် အ ထက် သို့ မော် ကြည့် လျက် “အို အ ဖ၊ အ ကျွန်ုပ် တောင်း လျှောက် သည် ကို နား ညောင်း တော် မူ ပြီ ဖြစ် သော ကြောင့် ကိုယ် တော် ကို ကျေး ဇူး တင် ပါ ၏။ ၄၂ ကိုယ် တော် သည် အ ကျွန်ုပ် ၏ ဆု တောင်း သံ ကို အ စဉ် နား ညောင်း တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ သို့ ရာ တွင် ဤ သို့ တောင်း လျှောက် ခြင်း မှာ ဝိုင်း ရံ လျက် ရှိ သော လူ ထု ပ ရိ သတ် အ တွက် ဖြစ် ပြီး အ ကျွန်ုပ် ကို ကိုယ် တော် စေ လွှတ် တော် မူ ကြောင်း သူ တို့ ယုံ ကြည် ကြ စေ ရန် အ တွက် ဖြစ် ပါ ၏” ဟု မြွက် ဆို တော် မူ ၏။ ၄၃ ထို သို့ မြွက် ဆို တော် မူ ပြီး နောက် ကျယ် လောင် သော အ သံ ဖြင့် “လာ ဇ ရု၊ ထွက် လာ လော့” ဟု ဟစ် ခေါ် တော် မူ ၏။

၄၄ ထို အ ခါ သေ လွန် သော သူ သည် ခြေ နှင့် လက် တို့ ၌ ပိတ် စ ဖြင့် ပတ် စည်း လျက် မျက် နှာ ကို လည်း ပ ဝါ ဖြင့် စည်း ထား သည့် အ တိုင်း ထွက် လာ ၏။ ယေ ရှု က “သူ့ ကို ဖြေ ပေး ၍ သွား ခွင့် ပေး ကြ လော့” ဟု လူ တို့ အား မိန့် တော် မူ ၏။

၅၆ သူ တို့ သည် ယေ ရှု ကို ရှာ ရင်း ဗိ မာန် တော် ထဲ ၌ ရပ် လျက် “သင် တို့ မည် သို့ ထင် ကြ သ နည်း။ သူ သည် ဤ ပွဲ တော် သို့ လုံး ဝ မ လာ ဘဲ နေ မည် လော” ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ ၅၇ ယဇ် ပု ရော ဟိတ် အ ကြီး အ ကဲ တို့ နှင့် ဖာ ရိ ရှဲ တို့ မူ ကား ကိုယ် တော် ကို ဖမ်း ဆီး နိုင် ရန် အ တွက် မည် သူ မ ဆို ယေ ရှု ရှိ ရာ အ ရပ် ကို သိ လျှင် သ တင်း ပေး ရ မည် ဟု အ မိန့် ထုတ် ထား ကြ ၏။    ၅၃ ထို့ ကြောင့် သူ တို့ သည် ထို နေ့ မှ စ ၍ ကိုယ် တော် ကို သတ် ရန် တိုင် ပင် ကြံ စည် ကြ ၏။

ဤတွင် ဂျာမန်ဘာသာတရားတစ်ခုဖြစ်သည်။

**********