မာကု ၁၅:၁၆-၃၇ (Mk 15,16-37): ထို အ ခါ စစ် သား များ သည် ရုံး တော် ဟု ခေါ် သော ဘု ရင် ခံ ၏ အိမ် တော် ဝင်း ထဲ သို့ ကိုယ် တော် ကို ခေါ် ဆောင် သွား ၍ တပ် ဖွဲ့ တစ် ဖွဲ့ လုံး ကို စု ရုံး စေ ကြ ၏။ ၁၇ ထို့ နောက် ကိုယ် တော် အား ခ ရမ်း ရောင် ဝတ် လုံ ကို ဝတ် စေ လျက် ဆူး ပင် ကို သ ရ ဖူ အ ဖြစ် ရစ် ခွေ ၍ ဆောင်း စေ ပြီး လျှင်၊ ၁၈ “ဂျူး လူ မျိုး တို့ ၏ ဘု ရင်၊ မင်္ဂ လာ ရှိ ပါ စေ သော” ဟု ကိုယ် တော် အား နှုတ် ဆက် ကြ ၏။ ၁၉ ထို့ ပြင် ကိုယ် တော် ၏ ဦး ခေါင်း ကို ကျူ ရိုး ဖြင့် ရိုက် ကာ ကိုယ် တော် ကို တံ တွေး နှင့် ထွေး ၍ ဒူး ထောက် လျက် ကိုယ် တော် ကို ရှိ ခိုး ကြ ၏။ ၂၀ ထို သို့ ကိုယ် တော် ကို ပြောင် လှောင် ကြ ပြီး နောက် ခ ရမ်း ရောင် ဝတ် လုံ ကို ချွတ် ၍ ကိုယ် တော် ၏ အ ဝတ် ကို ပြန် ဝတ် စေ ပြီး လျှင် လက် ဝါး ကပ် တိုင် ပေါ် ၌ တင် ရန် ခေါ် ထုတ် သွား ကြ ၏။ ၂၁ ထို စဉ် အ လက် ဇန္ဒြား နှင့် ရု ဖု တို့ ၏ ဖ ခင် ဖြစ် သည့် ကု ရေ နေ မြို့ သား ရှိ မုန် သည် တော ရွာ မှ လာ ၍ လမ်း ၌ ဖြတ် သွား သည် ကို သူ တို့ တွေ့ သ ဖြင့် ကိုယ် တော် ၏ လက် ဝါး ကပ် တိုင် ကို သူ့ အား အ တင်း အ ကျပ် ထမ်း စေ ကြ ၏။ ၂၂ ဤ သို့ ဖြင့် သူ တို့ သည် ကိုယ် တော် ကို ဦး ခေါင်း ခွံ အ ရပ် ဟု အ ဓိပ္ပာယ် ရှိ သော ဂေါ လ ဂေါ သ အ ရပ် သို့ ခေါ် ဆောင် သွား ပြီး လျှင်၊ ၂၃ ကိုယ် တော် အား မု ရန် ရော စပ် ထား သော စ ပျစ် ဝိုင် ကို တိုက် ကြ ၏။ သို့ သော် ကိုယ် တော် သည် သောက် တော် မ မူ။ ၂၄ ထို အ ခါ သူ တို့ သည် ကိုယ် တော် ကို လက် ဝါး ကပ် တိုင် ပေါ် ၌ တင် ကြ ပြီး ကိုယ် တော် ၏ အ ဝတ် တော် များ အား မည် သူ က မည် သည့် အ ဝတ် ယူ ရ မည် ကို မဲ ချ ၍ ခွဲ ဝေ ကြ ၏။ *၂၅ ကိုယ် တော် ကို လက် ဝါး ကပ် တိုင် ပေါ် ၌ တင် ကြ သည့် အ ချိန် မှာ နံ နက် ကိုး နာ ရီ * ဖြစ် ၏။ ၂၆ ကိုယ် တော် အ ပေါ် တင် သော စွဲ ချက် ကို ရေး ထား သည့် ကမ္ပည်း စာ မှာ “ဂျူး လူ မျိုး တို့ ၏ ဘု ရင်” ဟူ ၍ ဖြစ် ၏။ ၂၇ ဓား ပြ နှစ် ယောက် တို့ ကို လည်း ကိုယ် တော် နှင့် အ တူ လက် ယာ တော် ဘက် တွင် တစ် ယောက်၊ လက် ဝဲ တော် ဘက် တွင် တစ် ယောက် လက် ဝါး ကပ် တိုင် ပေါ် ၌ တင် ကြ ၏။ ၂၈ (ဤ သို့ ဖြင့် “သူ သည် တ ရား မဲ့ သော သူ တို့ ၏ စာ ရင်း တွင် ထည့် သွင်း ခြင်း ခံ ရ ၏” * ဟူ သော ကျမ်း ချက် သည် ပြည့် စုံ ခြင်း သို့ ရောက် လေ ၏။) *၂၉ ဖြတ် သန်း သွား လာ သော သူ တို့ သည် မိ မိ တို့ ခေါင်း ကို ခါ ယမ်း လျက် “ဟေ့၊ ဗိ မာန် တော် ကို ဖြို ဖျက် ၍ သုံး ရက် အ တွင်း တည် ဆောက် မည့် သူ၊ ၃၀ လက် ဝါး ကပ် တိုင် ပေါ် မှ ဆင်း လာ ၍ သင့် ကိုယ် သင် ကယ် တင် လော့” ဟု ကိုယ် တော် ကို စော် ကား ပြော ဆို ကြ ၏။ ၃၁ ထို နည်း တူ ယဇ် ပု ရော ဟိတ် အ ကြီး အ ကဲ တို့ သည် လည်း ကျမ်း ပြု ဆ ရာ တို့ နှင့် အ တူ ကိုယ် တော် ကို ပြောင် လှောင် ကြ ကာ “သူ သည် သူ တစ် ပါး တို့ ကို ကယ် တင် ခဲ့ သော် လည်း မိ မိ ကိုယ် ကို မ ကယ် တင် နိုင် ပါ တ ကား။ ၃၂ ငါ တို့ တွေ့ မြင် ၍ ယုံ ကြည် နိုင် ရန် အစ္စ ရေး ဘု ရင် ဖြစ် သော ခ ရစ် တော် သည် ယ ခု ပင် လက် ဝါး ကပ် တိုင် ပေါ် မှ ဆင်း လာ ပါ စေ” ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ ကိုယ် တော် နှင့် အ တူ လက် ဝါး ကပ် တိုင် ပေါ် ၌ တင် ထား ခြင်း ခံ ရ သော သူ တို့ သည် လည်း ကိုယ် တော် ကို ကဲ့ ရဲ့ ပြစ် တင် ကြ ၏။ ၃၃ မွန်း တည့် ချိန် * ရောက် သော အ ခါ မြေ တစ် ပြင် လုံး ၌ အ မှောင် ကျ ရောက် လာ ၍ မွန်း လွဲ သုံး နာ ရီ * တိုင် အောင် ထို သို့ ဖြစ် လေ ၏။ ၃၄ မွန်း လွဲ သုံး နာ ရီ * အ ချိန် တွင် ယေ ရှု သည် ကျယ် လောင် သော အ သံ ဖြင့် “ဧ လိ၊ ဧ လိ၊ လာ မာ ရှာ ဗ ခ သာ နိ” ဟု အော် ဟစ် တော် မူ ၏။ ၎င်း ၏ အ ဓိပ္ပာယ် မှာ “အ ကျွန်ုပ် ၏ ဘု ရား၊ အ ကျွန်ုပ် ၏ ဘု ရား၊ အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ပစ် တော် မူ သ နည်း” * ဟူ ၍ ဖြစ် ၏။ ၃၅ အ နီး ၌ ရပ် နေ သော သူ အ ချို့ တို့ သည် ကြား လျှင် “ကြည့် ပါ။ သူ သည် ဧ လိ ယ ကို ခေါ် နေ သည်” ဟု ဆို ကြ ၏။ ၃၆ ထို အ ခါ လူ တစ် ဦး သည် ပြေး သွား ၍ ရေ မြှုပ် ကို ဝိုင် ချဉ် နှင့် ပြည့် စေ ပြီး လျှင် ကျူ ရိုး ပေါ် တပ် လျက် ကိုယ် တော် အား သောက် စေ * ကာ “ရှိ ပါ လေ စေ။ ဧ လိ ယ သည် သူ့ ကို အောက် သို့ ချ ရန် လာ မည်၊ မ လာ မည် ကို ငါ တို့ ကြည့် ကြ စို့” ဟု ဆို လေ ၏။ ၃၇ ထို့ နောက် ယေ ရှု သည် ကျယ် လောင် သော အ သံ ဖြင့် ကြွေး ကြော် ပြီး လျှင် အ သက် ချုပ် ငြိမ်း တော် မူ ၏။
ဤတွင် ဂျာမန်ဘာသာတရားတစ်ခုဖြစ်သည်။
*********
ယောဟန် ၆:၆၀-၆၉ (J 6,60-69): တ ပည့် တော် တို့ ထဲ မှ အ များ စု သည် ကြား လျှင် “ဤ စ ကား သည် ပြင်း ထန် လှ ၏။ မည် သူ နား ထောင် နိုင် မည် နည်း” ဟု ဆို ကြ ၏။ ၆၁ ဤ အ ကြောင်း အ ရာ နှင့် ပတ် သက် ၍ တ ပည့် တော် တို့ မ ကျေ မ နပ် ပြော ဆို နေ ကြ သည် ကို ယေ ရှု သည် အ လို အ လျောက် သိ တော် မူ သ ဖြင့် “ဤ စ ကား ကြောင့် သင် တို့ စိတ် ပျက် ကြ သ လော။ ၆၂ သို့ ဖြစ် လျှင် လူ့ သား သည် ယ ခင် နေ ခဲ့ ရာ အ ရပ် သို့ တက် သွားသည် ကို သင် တို့ မြင် ရ ပါ မူ မည် သို့ ဖြစ် မည် နည်း။ ၆၃ ဝိ ညာဉ် တော် * က သာ အ သက် ရှင် စေ ၏။ ကိုယ် ကာ ယ သည် မည် သည့် အ ကျိုး ကို မျှ မ ပေး။ ငါ ဟော ပြော သော စ ကား တို့ သည် ဝိ ညာဉ် ဖြစ် ပြီး အ သက် လည်း ဖြစ် ၏။ ၆၄ သို့ သော် သင် တို့ တွင် မ ယုံ ကြည် သော သူ အ ချို့ ရှိ ၏” ဟု မိန့် တော် မူ ၏။ ထို သို့ မိန့် တော် မူ သည့် အ ကြောင်း ကား မ ယုံ ကြည် သော သူ တို့ သည် မည် သူ တို့ ဖြစ် ကြ သည် ကို လည်း ကောင်း၊ မိ မိ ကို အပ် နှံ မည့် သူ သည် မည် သူ ဖြစ် သည် ကို လည်း ကောင်း ယေ ရှု သည် အ စ အ ဦး က ပင် သိ ထား တော် မူ သော ကြောင့် ဖြစ် ၏။ ၆၅ ထို့ နောက် ကိုယ် တော် က “ဤ အ ကြောင်း ကြောင့် ခ မည်း တော် သည် အ ခွင့် ပေး တော် မ မူ လျှင် မည် သူ မျှ ငါ့ ထံ သို့ မ လာ နိုင် ဟု သင် တို့ အား ငါ ပြော ခဲ့ ပြီ” ဟူ ၍ မိန့် တော် မူ ၏။ ၆၆ ထို အ ချိန် မှ စ ၍ တ ပည့် တော် တို့ ထဲ မှ အ များ စု သည် ဆုတ် ခွာ သွား ပြီး ကိုယ် တော် နှင့် အ တူ မ လိုက် မ ပါ တော့ ဘဲ နေ ကြ ၏။ ၆၇ ထို အ ခါ ယေ ရှု သည် တစ် ဆယ့် နှစ် ပါး သော တ ပည့် တော် တို့ အား “သင် တို့ လည်း ထွက် ခွာ သွား လို ကြ သ လော” ဟု မေး တော် မူ လျှင်၊ ၆၈ ရှိ မုန် ပေ တ ရု က “သ ခင် ဘု ရား၊ အ ကျွန်ုပ် တို့ သည် မည် သူ့ ထံ သို့ သွား ရ မည် နည်း။ ထာ ဝ ရ အ သက် နှင့် ဆိုင် သော စ ကား တို့ သည် ကိုယ် တော် ၌ သာ ရှိ ပါ ၏။ ၆၉ ကိုယ် တော် သည် ဘု ရား သ ခင် ၏ သန့် ရှင်း သူ * ဖြစ် ကြောင်း ကို လည်း အ ကျွန်ုပ် တို့ ယုံ ကြည် သိ ရှိ ကြ ပါ ၏” ဟု လျှောက် လေ ၏။
ဤသည်မှာ အင်္ဂလိပ်ဘာသာဖြင့် တရားဒေသနာဖြစ်သည်။
**********
မကြာမီ ဤအကြောင်းအရာနှင့်စပ်လျဉ်းသည့် တရားဒေသနာများကို ဤနေရာတွင် တွေ့ရပါမည်။